mg.25.11.18

(၂၄.၁၁.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် ၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် နှင့် ဌာနကြီးမှူးများ ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာ၀န်ရှိသူများသည် မြင်းခြံခရိုင် ၊ တောင်သာမြို့နယ်ရှိ ဟောင်ကောင် အခြေစိုက် V Power Holding Limited မှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ၉၀ မဂ္ဂါ၀ပ် ဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေးစက်ရုံစီမံကိန်း နှင့် မြင်းခြံမြို့နယ် Sembcorp Myingyan Co.,Ltd မှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ၂၂၅ မဂ္ဂါ၀ပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသို့ ကြည့်ရှုစစ်ဆေးရာ တာ၀န်ရှိသူများမှ ရှင်းတင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။